Sunday, July 19, 2015

အင်္ဂလိပ်စာသင်ယူရာတွင် သေချာပေါက်မတတ်မည့်နည်းတစ်ခု

အင်္ဂလိပ်စာသင်ယူရာတွင် သေချာပေါက်မတတ်မည့်နည်းတစ်ခု 

အင်္ဂလိပ်စာသင်ယူရာတွင် အလွယ်ဆုံး၊ အမြန်ဆုံးသေချာပေါက်တတ်မည့်နည်းတော့ဖြင့် မပေးတတ်ဘူး။ သေချာပေါက် မတတ်မည့်နည်း တစ်ခုတော့တွေ့ထားတယ်
(ဆောင်ရန်-ရှောင်ရန်) နည်းတွေရှာဖွေတဲ့အခါမှာ (ရှောင်ရန်) နည်းတစ်ခုတော့ ပေးရမှာပဲ။
အခုပြောမဲ့ (ရှောင်ရန်) နည်းကို အင်္ဂလိပ်စာ စာသင်သားတွေ သိမ်းပိုက်ကျင့်သုံးနေကြတယ်။ အဆင့်အလွှာတိုင်းမှာ တွေ့ရပါတယ်။ အဲဒီ့နည်းက တစ်ခြားမဟုတ်ပါဘူး။ အင်္ဂလိပ်စာလုံးကို တစ်လုံးချင်းအဓိပါယ် (မီးနင်း) ကျက်တဲ့ အလေ့အထပါပဲ။
ပြီးတော့ ကိုယ်သိထားတဲ့ (မီးနင်း) လေးတစ်လုံးကို အင်္ဂလိပ်စာလုံးနှင့်ဖလှယ်ပြီး တစ်လွဲအဓိပÜါယ်တွေ ကောက်ကြတော့တာပဲ။ လုံးချင်းအဓိပါယ် မီးနင်းကျက်မှတ်တဲ့အခါလည်း ကျက်မှတ်ရမှာပေါ့။ စီအေတီကက် ကြောင်၊ ဒီအိုဂျီဒေါ့(ဂ်) ခွေး၊ ဆိုတာမျိုးကိုတော့ ကျက်ရမှာပဲ။ ဒါပေမဲ့ ဒါလောက်နှင့် ကိစöမပြီးဘူးဆိုတာတော့ သတိပြုကြရလိမ့်မယ်။ အခု ဥပမာပြတဲ့ ခွေး၊ ကြောင်ဆိုတဲ့ စာလုံးတွေတောင် အခုလိုသုံးထားရင် ဘယ်လိုနားလည်မလဲ။
That woman is a cat.
(တစ်ဖက်သားကို အမနာပ ကဲ့ရဲ့တတ်တဲ့မိန်းမ)
She is very catty. (catty နာမ၀ိသေသန အဖြစ်သုံးထားတယ်)
He lives in a small room on top floor; there is not enough space to swing a cat in.
(အခန်းကျဉ်းပုံကို တင်စားပြောတာပါ)
He is only an underdog.
(လက်အောက်ငယ်သား)
The young man is dogging the girl every day on her way to office.
(မိန်းကလေးနောက်က တကောက်ကောက်လိုက်နေတယ်)
ဒီဥပမာကိုကြည့်ရင် သူငယ်တန်းတုန်းက သင်လာခဲ့တဲ့ စာလုံးလေးတစ်လုံး နှစ်လုံးတောင် (မီးနင်း) လှေနံဓါးထစ် ကျက်မှတ်ထားရုံနှင့် မလုံလောက်ပါပြီ။ အခုတော့ စာသင်သားတွေဟာ (မီးနင်း) ပြီး အပူလောင် အဖုပေါက်နေကြတယ်။ ဒါပေမဲ့ ဒီလိုအပူလောင် အဖုပေါက်တာ မီးနင်းကြောင့်လို့ မသိရှာကြဘူး။ အဲဒီ့ (မီးနင်း) အနåရယ်ကို အခုထောက်ပြတာပဲ။ ရှောင်ကြစို့။
စကားလုံးတစ်လုံးမှာ အဓိပÜါယ် အမျိုးမျိုးရှိပုံကို Existentialism ဆိုတဲ့ စကားလုံးနဲ့ ဥပမာပြောပြချင်ပါတယ်
ဒီစာလုံးအရှည်ကြီးရဲ့ အရင်းအမြစ်က-
Exist(verb) - အဓိပါယ်က ရှိနေသည်။ ဖြစ်နေသည်။ အမှန်ပင်ရှိ အမှန်ပင်ဖြစ်နေသည်။
Do you believe that ghosts exist?
(တစေäရှိတယ်လို့ ယုံသလား)
No, I think ghosts exist only in the minds of the people.
(လူတွေရဲ့ စိတ်ထဲမှာသာရှိတာပါ တကယ်မရှိပါ)
We cannot exist without food and water.
အစာရေစာမရှိဘဲ အသက်မရှိနိုင်။
Existence (noun) = ဖြစ်ခြင်း၊ ရှိခြင်း။
When did the world come into existence?
(ကမ္ဘာကြီး ဘယ်တုန်းက စဖြစ်လာသလဲ)
He must have been a dog in his previous existence.
(အရင်ဘ၀က သူခွေးဖြစ်ချင်ဖြစ်နိုင်တယ်)
(ခွေးဖြစ်ခဲ့ ထင်ပါရဲ့ အဓိပါယ် ဆိုတဲ့ စကားလုံးရှည်ကြီး မသုံးဘဲ life လို့လွယ်လွယ်သုံးလဲ ရပါတယ်။ အဲဒီ့ကနေ Existentialism (noun) လို့ဖြစ်လာတယ်။ ဒီစကားလုံးက ဒုတိယကမ္ဘာစစ်ကြီးအပြီးပေါ်ထွန်းလာတဲ့ ဒသာနိက အတွေးအခေါ်တစ်ခုရဲ့ အမည်နာမဖြစ်ပါတယ်။ ပြင်သစ်စာရေးဆရာကြီး Sartre နှင့် Camus တို့ဆီက စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။
တိုင်းတစ်ပါးဘာသာ စာပေတစ်ခုကို လေ့လာရာမှာ စာလုံးအသုံးအနှုန်းတွေကို ခြေခြေမြစ်မြစ်နှင့် ဆင့်ပွားပုံတွေ၊ ပရိယာယ်တွေကို ကျက်မှတ်ဖို့ အလွန်အရေးကြီးပါတယ်။
စာလုံးတစ်လုံးချင်း အနက်အဓိပါယ် တစ်ခုတလေ မှတ်ထားရုံနှင့်တော့ဖြင့် ဘယ်တော့မှ မလုံလောက်ပါဘူး။ အထူးသဖြင့် အင်္ဂလိပ်စာလုံးတွေ့တိုင်း မြန်မာစကားလုံးတွေနှင့် ဖလှယ်ပြီး အနက်ကောက်ရင် ပိုပြီးမှားတတ်
ပါတယ်။ မြန်မာစကားလုံးကို အစားသွင်းလို့ မဖြစ်တဲ့အသုံးအနှုန်းတွေ အများကြီးရှိပါတယ်။
ဥပမာ it ဆိုတာဟာလည်း သူငယ်တန်းကတည်းက သင်လာခဲ့တာ မဟုတ်လား။ ကိုင်း ဒါဖြင့်ဒီဝါကျတွေ ကြည့်စမ်းပါ။
It is cold today.
ဒီနေ့အေးတယ်။
It was hot yesterday.
မနေ့က ပူတယ်။
It is ten 0’clock now.
အခုဆယ်နာရီ ထိုးပြီ။
It is dark inside the cave.
ဂူထဲမှာ မှောင်တယ်။
အဲဒီ့ ၀ါကျတွေမှာ it ရဲ့အနက် လုံးဝပျောက်နေတာတွေ့ရတယ်။ အဲသလို အသုံးအနှုန်းကို သတိမူပြီး ကျက်မှတ်ထားမှသာ စာဖတ်ရာမှာနားလည်နိုင်မယ်။ သို့မဟုတ်ပဲ it ကို (ထိုဟာ) ဆိုတဲ့ စကားလုံး ဖလှယ်ပြီး
အဓိပါယ်တစ်လွဲကောက်မိတတ်တယ်
Learner’s Dictonary ထဲမှာ it ဆိုတဲ့ စကားလုံးအသုံးအနှုန်းပရိယာယ်တွေကို တစ်ကော်လံကျော်ကျော် ဥပမာတွေ ပြထားပါတယ်။ အဲသလို ၀ါကျတွေကိုအာရုံပြုကျက်မှတ်ကြပါ။
အင်္ဂလိပ်စာလုံးတွေ လုံးချင်းအဓိပါယ်တစ်ခုတလေ ကျက်ပြီးတွေ့တဲ့နေရာမှာ မြန်မာစကားလုံးအစားထိုး ဖတ်နေသရွေ့ အင်္ဂလိပ်စာ ဘယ်တော့မှတတ်မှာမဟုတ်ဘူးလို့ ပြောရဲပါတယ်။

ဆရာမကြီးဒေါ်ခင်မျိုးချစ်

No comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform